--------------------------------------------------------
ဘဝခါးခါး
source:daily hot news
===========================
ခြင် အကိုက်ခံရတာကနေ လူအသားထဲမှာ
ကြီးထွားလာတတ်တဲ့ ကြောက်စရာ ဒီအကောင်
--------------------------------------------------------
သူ့ကို Botfly (Dermatobia hominis) လို့ခေါ်တယ်။
ဒီအကောင်က လူသတ္တဝါနှင့် တိရိစ္ဆာန် သတ္တဝါများကို
ဒုက္ခ ပေးတဲ့ (ယင်ကောင်) တစ်မျိုးဖြစ်တယ်။
ခြင်ကိုက်ခံရလို့ ဖြစ်တာပါ။ ခြင်ကနေတဆင့်
ပေါက်ဖွားလာသည့် သားလောင်းဟာ ခန္ဓာကိုယ်
အရေပြားအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားခြင်းဖြစ်တယ်။
ထို့နောက် ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်သွားသည့်
သားလောင်းကောင်ဟာ အရေပြားအတွင်းမှာရှိတဲ့
အဆီအနှစ်တွေကို စားသုံးစပြုလာချိန်၌ ထိုနေရာတဝိုက်
အနာစိမ်းကဲ့သို့ ပြည်ဖုလေးများ ဖြစ်တည်လာပြီးတော့
မခံစားနိုင်သည့်အဆုံး အတွင်းမှာဖြစ်တည်နေသည့်
သားလောင်း အကောင်ကို ပုံမှာမြင်တွေ့ရသလိုမျိုး
ဇာဂနာဖြင့် ဆွဲထုတ် ဖယ်ရှားပြစ်ရပါတယ်။
ဒီအတိုင်း မဖယ်ရှားပြစ်ပဲထားရှိမည်ဆိုပါက အတောင်စုံပြီး
ယင်ကောင်အဖြစ်သို့ ရောက်ရှိသွားမှသာလျှင်
သူ့အလိုအလျောက် ထွက်ခွာသွားပါလိမ့်မယ်။ ဒါက လူမို့လို့
စောစောသိပြီး အလျှင်မြန် ဖယ်ရှားနိုင်လိုက်တာပါ..
တိရိစ္ဆာန် တွေဆိုရင် ( life cycle ) ပြောင်းသွားသည်အထိ့
တိုင်အောင် ခံစားနေရမှာပါ။
မြန်မာပြည်မှာတော့ ရှားတယ်…
အမေရိကန်နိုင်ငံတွေမှာတော့ ရှိတယ်။
ဗီဒီယိုဖိုင်ကြည့်မယ်ဆိုရင်တော့ မသတီစရာများကို
တွေ့မြင်ရမှာဖြစ်ကြောင်း ကြိုတင်သတိပေးပါတယ်။
လူပေါ်မှ ဖယ်ရှားပုံ (2:22)
Huge Botfly (Maggot) removed from Young Boy’s Head
ဘဝခါးခါး
source:daily hot news
No comments:
Post a Comment